Phoenix Learning Center

hoenix Learning Center ကို ၂၀၁၈ ဒီဇင်ဘာလ (၄) ရက်နေ့တွင် Founder U Thiha မှ စတင်တည် ထောင်ခဲ့ပါတယ်။ Managements ဘာသာရပ်များကို ပြည်တွင်းပြည်ပ အတွေ့အကြုံရှိသော ဆရာ/ဆရာမ များအား ဖိတ်ခေါ်ပြီး ဆရာ/ ဆရာမ လိုအပ်ချက်ရှိသော ဒေသများ၊ အကြောင်းကြောင်းကြောင့် ပညာရေး အလှမ်းဝေးခဲ့ရသော သင်တန်းသား/ သူများ၊ မိမိနေအိမ်မှသာ သင်ကြားလိုသော သင်တန်းသား/ သူများကို ပညာရေးအဆက်မပြတ်စေရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး ကိုဗစ်ကာလတွင် ပညာအလှူဒါနခေါင်းစဉ်ဖြင့် အနယ်နယ်အရပ်ရပ်မှ သင်တန်းသား/ သူများကို သက်သာသော ဈေးနှုန်းဖြင့် ယနေ့တိုင် သင်ကြား ပေးခဲ့ပြီး ဖြစ်ပါတယ်။ Phoenix Learning Center မှ ကျောင်းသားများကို အချိန်ပေးပြီး ယခုအခါ ပိုမို Quality ပြည့်မှီ သော နည်းစနစ်များရှိသည့် Microsoft teams software ဖြင့် Forever Online Learning Management Association group မှ ပံ့ပိုးပေးပြီး live streaming သင်ကြားပေးမှာဖြစ်ပြီး ဆရာနှင့်ကျောင်းသား အပြန်အလှန် မေးမြန်း‌ဆွေးနွေးနိုင်ပါတယ်။ အဖွဲ့လိုက် စာဆွေးနွေးခြင်း ၊ Private Chat ဆက်သွယ်မေးမြန်းနိုင်ခြင်း၊ သင်တန်းချိန်အတွက် Alarm ပေးခြင်း၊ Mobile Phone ရှိရုံဖြင့် သင်ကြားနိုင်ခြင်း၊ နိုင်ငံတကာမှ သင်တန်းများအား အခမဲ့ တက်ရောက်လေ့လာနိုင်ခြင်း ၊ မိမိ Carrier Development အလိုက် E book များအခမဲ့တစ်သက်တာလေ့လာနိုင်ခြင်းများပြုလုပ်နိုင်မှာဖြစ်ပါတယ်။ group link ပေးပြီး video share ပေးမည့် ပညာဒါန အတန်း မဟုတ်ပါ။ ဒါကြောင့် ပညာလို၍ အချိန်ပေးနိုင်သော အချိန်တိကျသော ကျောင်းသားများအတွက် အကျိုးရှိစေမှာ သေချာပါတယ်ရှင်။ မိမိတို့ Career Development ဖြစ်စေရန်အတွက် မိမိအိမ်မက်တွေ ဈေးမကြီးစေပဲ တနေရာတည်းမှာ Management ဘာသာရပ်များကို သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ပညာဒါန Management အတန်းများကို စိတ်ဝင် တစား မေးမြန်းလာတဲ့ သင်တန်းသား/ သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။